Social Icons

2013

Monday, March 4, 2013

Mozilla Firefox ကို ဟူးဟူးထ အောင်မြန်လုပ်မယ့်

 photo MZ.gif

ကျွန်တော်ပရိတ်သတ်များအားလုံးကို နည်းကောင်းလေးတစ်ခုနဲ့မိတ်ဆက်ပေး
ချင်ပါတယ်ကွန်ပျူတာနဲ အင်တာနက်သုံးတဲ့သူတွေအတွက်ပါအင်တာနက်သုံး
မယ်ဆိုရင် Mozilla Firefox ကနာမည်ကြီး Broswerတစ်ခုပါကျွန်တော်ခုပြော
မှာက အဲ့Broswer ကို မြန်အောင်လုပ်ပြီးသုံးမှာဖြစ်ပါတယ် နည်းနည်းတော့ အ
ကြီးပါတယ် မှားလို့တော့မရဘူးနော် မြန်တာတော့ တော်တော်လေးမြန်တာကို
တွေ့ရမှာပါကဲ့ကျွန်တော်လေများနေတာနဲ့ကြာသွားပြီး ကဲကျွန်တော်တို့စလိုက်
ရအောင်Mozilla Firefox ကို ပြင်ဆင်မှုတွေလုပ်ပေးရပါမယ် .. ဒါပေမယ့် ..
ဒီနည်းပညာပိုင်းဆိုင်ရာ ပြင်ဆင်မှုတွေက ပညာရှင်အဆင့် ပြင်ဆင်မှုတွေဖြစ်
တဲ့အတွက် အဆင့်အားလုံးကို သေသေချာချာ ဂရုတစိုက်လုပ်ဖို့တော့ အရေး
ကြီးပါတယ် .. မှားသွားခဲ့ရင်တော့ Mozilla ကို Uninstall လုပ်ပစ်ဖို့ပဲ ရှိတော့
တာပေါ့ ပြင်ဆင်မှုအားလုံးကို စနစ်တကျ အောင်မြင်သွားပြီဆိုရင်တော့သူငယ်
ချင်းတို့ရဲ့Mozilla Firefox ဟာ ဟူးဟူးထ အောင် မြန်ဆန်သွက်လက်နေတာ
ကို တွေ့ကြရမှာဖြစ်ပါတယ် ..  ဒီနည်းစနစ်က Mozilla Firefox တစ်မျိုးတည်း
အတွက်ပဲဆိုတာကိုတော့ အသိပေးပါရစေ 
ကဲ .. Mozilla Firefox ကိုဖွင့်လိုက်ပါ (အင်တာနက်လိုင်း မရှိလည်း ပြင်ဆင်
လို့ရပါတယ်) ပြီးတော့ အပေါ်က Address Bar  မှာ about:config လို့ရိုက်
ထည့်ပြီး ENTER နှိပ်ပါ။ (မှားမှာစိုရင် Copy ကူးသွားပြီး Paste လုပ်လိုက်ပါ )
 Enter နှိပ်လိုက်တဲ့အခါ .. ပညာရှင်အဆင့် ချိန်ညှိမှုတွေ လုပ်မယ့် Page ကို
သွားမှာဖြစ်တာကြောင့် .. အောက်မှာပြထားတဲ့ပုံအတိုင်း သတိပေးတဲ့စာတမ်း 
တစ်ခုပေါ်လာပါလိမ့်မယ်။ 

 photo HM1.jpg

I'll be careful. I promise!ဆိုတဲ့Buttomလေးကို နှိပ်ပေးလိုက်ပါ အဲဒီအခါ
စာတမ်းတွေအများကြီးပါတဲ့ Page တစ်ခု ပွင့်ကျလာပါမယ် .. အဲဒီစာတမ်းတွေ
အများကြီးထဲကမှ ဘယ်ဖက်အခြမ်းထဲက စာတွေထဲမှာ network.http.
pipelining ဆိုတဲ့စာလုံးတွေရှိတဲ့နေရာကို တဖြည်းဖြည်းဆင်းသွားပါ။ အောက်
မှာ နမူနာပုံပြထားပါတယ် ..

 photo HM2.jpg

တွေ့ပြီဆိုရင်သူ့ရဲ့ Value Field မှာ False ဖြစ်နေတာကို တွေ့ရပါလိမ့်မယ်
အဲဒီနေရာလေးကို Double Click နှိပ်ပေးလိုက်ပါ .အဲဒီအခါ Trueဆိုပြီး အလို
လိုပြောင်းသွားပါလိမ့်မယ်( True ဖြစ်နေပြီးသားဆိုရင်တော့ဒီအဆင့်ကိုကျော်
လိုက်ပါ) နောက်ထပ် network.http.pipelining.maxrequests ကိုရှာပါ။
သူ့ကိုDouble Click နှိပ်လိုက်ရင် Box တစ်ခုတက်လာပါမယ် .. အဲဒီထဲက
တန်ဘိုးကို 8 လို့ပြောင်းပြီး OK နှိပ်လိုက်ပါ ..
 photo HM3.jpg

network.http.proxy.pipelining ကိုထပ်ရှာပါ ..။ သူ့ကို Double Click နှိပ်
လိုက်ရင် သူ့တန်ဘိုးက အလိုလို True ဆိုပြီးပြောင်းသွားပါလိမ့်မယ် ..
network.dns.disableIPv6 ကိုရှာပြီး Double Click နှိပ်ပြီး True ပြောင်းပေးပါ
ပြီးရင် အဲဒီ Page ရဲ့ ညာဘက်က လွတ်နေတဲ့ နေရာမှာ Right Click နှိပ်ပြီး
ပေါ်လာတဲ့ Menu ထဲက New ကိုရွေးပြီး Boolen ကိုတဆင့် ရွေးပေးပါ။ လွတ်
တဲ့နေရာမှာ Right Click နှိပ်ခိုင်းပေမယ့် တစ်ခုခုမှာ ကလစ်မိပြီး အပြာရောင်
လေးနဲ့ Select လုပ်သလိုဖြစ်သွားတာက ဘာမှ အရေးမကြီးပါဘူး  အောက်မှာ
ပုံနဲ့ ပြထားပါတယ် ..
 photo HM4.jpg

ပေါ်လာတဲ့ New boolean box ထဲမှာ content.interrupt.parsing လို့
ရိုက်ထည့်ပါ။


OK ကိုနှိပ်ပေးလိုက်ရင် နောက်ထပ် True နဲ့ False ပါတဲ့ Box တစ်ခုပြောင်း
သွားပါမယ် .. အဲဒီထဲက True ကိုရွေးပြီး OK ကိုနှိပ်လိုက်ပါ

 photo HM6.jpg

နောက်တစ်ခေါက် လွတ်တဲ့နေရာမှာ Right Click နှိပ်ပြီး ပေါ်လာတဲ့ထဲက
New ကိုရွေး အဲဒီထဲကမှ Integer ကိုရွေးပါ။ ပေါ်လာတဲ့ New Integer
menu ထဲမှာ content.max.tokenizing.time လို့ရိုက်ထည့်ပါ။ OK ပေးပြီး
ပွင့်လာတဲ့ထဲက ကိန်းဂဏန်းတွေကို 2250000 လို့ပြောင်းပေးပြီး OK နှိပ်
လိုက်ပါ ..
 photo HM7.jpg

နောက်တစ်ခေါက်လွတ်တဲ့နေရာမှာRightClick နှိပ်ပြီးNewထဲက Integer
ကိုထပ်ရွေးပါပေါ်လာတဲ့New Integer menuထဲမှာ content.notify.
intervalလို့ရိုက်ထည့်ပါ။ OK ပေးပြီး ပွင့်လာတဲ့ထဲက တန်ဘိုးနေရာမှာ
750000လို့ပြောင်းပေးပြီး OK နှိပ်ပါ ..

 photo HM8.jpg

နောက်တစ်ခေါက် လွတ်တဲ့နေရာမှာ Right Click နှိပ်ပြီး New ထဲက Boolen
ကိုရွေးပါ။ ပေါ်လာတဲ့ Newbooleanvaluepop-upwindowမှာcontent.
notify.ontimer လို့ရိုက်ထည့်ပါ။ OK ကိုနှိပ်ပေးပြီး ပွင့်လာတဲ့ထဲမှာ
True ကိုရွေးပေးပြီး OK နှိပ်ပါ ..

နောက်တစ်ခေါက် လွတ်တဲ့နေရာမှာ Right Click နှိပ်ပြီး New ထဲက
Integer ကိုရွေးပါဦး။ ပေါ်လာတဲ့ New Integer Pop up menu အတွင်းမှာ
content.notify.backoffcount လို့ရိုက်ထည့်ပါ။ OK ပေးပြီး ပွင့်လာတဲ့
ထဲက တန်ဘိုးကို 5 လို့ထားပေးပါ။ OK နှိပ်ပါ

နောက်တစ်ခေါက် လွတ်တဲ့နေရာမှာ Right Click နှိပ်ပြီး New ထဲက
Integer ကိုရွေးပါဦး။ ပေါ်လာတဲ့ New Integer Pop up menuအတွင်း
မှာ content.switch.threshold လို့ရိုက်ထည့်ပါ။OK ပေးပြီး ပွင့်လာတဲ့
ထဲကတန်ဘိုးကို 750000 လို့ထားပေးလိုက်ပါ။ OK နှိပ်ပါ ..

နောက်တစ်ခေါက် လွတ်တဲ့နေရာမှာ Right Click နှိပ်ပြီး New ထဲက
Integer ကိုရွေးပါဦး။ ပေါ်လာတဲ့ New Integer Pop up menu အတွင်း
မှာ nglayout.initialpaint.delay လို့ရိုက်ထည့်ပါ။ OK ပေးပြီး ပွင့်လာ
တဲ့ထဲက တန်ဘိုးမှာ 0 ထားလိုက်ပါ။ OK နှိပ်လိုက်ပါ ..

အားလုံးပြီးသွားရင်တော့ Mozilla Firefox ကိုပိတ်လိုက်ပြီး ပြန်ဖွင့်သုံး
ကြည့်လိုက်ပါ .. သူငယ်ချင်းတို့ရဲ့ Mozilla Firefox ဟာ ဟူးဟူးထ
အောင် မြန်ဆန်သွက်လက်နေတာကို သူငယ်ချင်းတို့ကိုယ်တိုင် တအံ့
တသြ တွေ့ကြရပါလိမ့်မယ် ... အဆင်ပြေနိုင်ကြပါစေဗျာ

No comments:

Post a Comment