Social Icons

2013
Showing posts with label ဟာသကမ္ဘာ. Show all posts
Showing posts with label ဟာသကမ္ဘာ. Show all posts

Wednesday, November 14, 2012

မသိလို့ကိုင်မိတာပါ ချစ်ရယ်....

အလွန် အရှက်ကြီးသော မိန်းမပျိုလေး တစ်ယောက် ငယ်သူတို့ဘာဝ ချစ်သူရည်းစား
အဖြစ် လူငယ်လေး တစ်ဦးနှင့် ရည်ငံ နေကြပါသတဲ့။
တစ်နေ့မှာ ချစ်သူနှစ်ဦးသာယာတဲ့ မြစ်ကမ်းဘေး သစ်ပင်ရိပ်အောက် မြက်ခင်းလေးမှာ
ချိန်းတွေ့နေကြတယ်။ သည်အခိုက်မှာ မနက်ခင်းတုန်းက ပဲကြီးလှော်သုပ်နဲ့ ကြက်သွန်ဖြူ
အပြင်အဘွားရဲ့ လျှက်ဆားကိုပါ တို့မြီးခဲ့တဲ့ မိန်းမပျိုခမျာ
လေလည်ချင် လာခဲ့ပါလေရော....ခက်ပြီ။
အရှက်ကလည်းကြီး၊ ချစ်သူကလည်း အနီးမှာ အတူထိုင်နေတော့
လေများလည်မိလိုက်ရင် မဟာအရှက် ဟက်တက်ကွဲတော့မှာပဲ။
လေမလည်မိအောင် အတင်းအောင့်ထားရတယ်။
အောင့်ထားရလွန်းလို့ သွားတွေလည်းစိပြီး၊ ခြေမကလည်းကွေးလို့။
အဲဒီ ကွေးနေတဲ့ ခြေချောင်းတွေနဲ့ ခြေမကို မြင်သွားတဲ့ ချစ်သူက
 “အချစ်ရဲ့ ခြေချောင်းလေးတွေက လှရဲ့သားနဲ့ ဘာလို့ ကွေးထား တာလဲကွယ်” လို့
ပြောပြောဆိုဆို ခြေမလေး တစ်ဖက်ကို ကိုင်ပြီး ဆန့်လိုက်တယ်။
အဲလို လုပ်လိုက်မိတာနဲ့ပဲ မိန်းမပျိုမှာ လေကို အောင့်ထားလို့ မရတော့ဘဲ
ကျယ်လောင် ရှည်လျားတဲ့ အသံနဲ့ ထွက်ကျသွားရော။ မိန်းမပျိုလေးဟာ မျက်နှာကို
လက်ဝါးနှစ်ဖက်နဲ့ အုပ်ပြီး ရှက်လွန်းလို့ မြစ်ထဲခုန်ဆင်း သေမလိုဖြစ်သွားတယ်။
ချစ်သူ ကောင်လေးဟာ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်ပြီး
ပျာပျာသလဲ ချော့မော့ တောင်းပန်လိုက်တာက
“အချစ်ကလေးရဲ့ အီးခလုတ်မှန်း မသိလို့ ကိုင်မိ လိုက်တာပါ။
ကိုယ့်ကိုခွင့်လွှတ်ပါကွာ။ နောက်ဆို မကိုင်မိစေရပါဘူးနော်”တဲ့။