Social Icons

2013

Tuesday, July 9, 2013

မြ၀တီရုပ်မြင်သံကြား Channel အား ကွန်ပျူတာမှ ကြည့်ရှုနည်း


ကွန်ပျူတာကနေ မြ၀တီရုပ်မြင်သံကြား Channel ကိုကြည့်ရှုနိုင်မယ့်နည်းဖြစ်
ပါတယ်။ အင်တာနက်ကွန်နက်ရှင်ရှိဖို့ပဲလိုပါတယ်။ တစ်ကမ္ဘာလုံးကနေ ကြည့်
ရှုနိုင်မှာဖြစ်ပါတယ်။ လုပ်နည်းကိုအောက်မှာဆက်လက်ဖတ်ရှုပါ။အရင်
ဆုံးလိုအပ်တဲ့ ဆော့ဝဲဖြစ်တဲ့ VLC Player ကိုအောက်က link မှာရယူလိုက်ပါ။

www.videolan.org/vlc/download-windows.html

Download လုပ်ပြီးလျှင် VLC Player အားကွန်ပျူတာမှာ install လုပ်ထားပါ။

မြဝတီ Live ကြည့်ရှု့ရန်အတွက် VLC Player တွင် အောက်ပါအတိုင်း ပြင်ဆင်ပြီး
ကြည့်ရှု့နိုင်မည်ဖြစ်သည်။ 

အဆင့်(၁)
VLC Player ၏ Menu Bar မှ Tools > Preferences အတွင်းသို့ ဝင်ရောက်ပါ။
 
Prefence Windows ပေါ်လာသောအခါ ဘယ်ဘက် Pannel အတွင်းတွင်ရှိ အနီ
ဖြင့်ပြထားသော Input & Codes ကို ကလစ်ပြုလုပ်ကာ ညာဘက် Pannel 
အတွင်းရှိ အနီဖြင့်ပြထားသော HTTP Proxy URL နေရာတွင် ဖုန်းလိုင်းဖြင့် 
အသုံးပြုခြင်းကြောင့် ဖုန်းလိုင်း Internet သည် no prxy ဖြစ်သည်။ ထို့ကြောင့် 
ယခင်ရှိနေသော Proxy လိပ်စာကို ဖျက်ပစ်ရမည် ဖြစ်သည်။ ထိုသို့ ဖျက်ပြီးပါက 
Save ပြုလုပ်ပေးရမည် ဖြစ်ပါသည်။ ဖုန်း အင်တာနက်မဟုတ်ရင်မိမိသုံးနေ
တဲ့ Http Proxy URL ကိုထည့်ပြီးကြည့်နိုင်ပါတယ် ကျွန်တော်ကတော့1500
တန် ဖုန်လိုင်းနဲ့စမ်းတာ TV ကြည့်နေရသလိုပါပဲ ။
 
အဆင့် (၂)
 
VLC Player Menu Bar မှ Media Menu ကို ကလစ်ပြုလုပ်ကာ ပေါ်လာသော 
Drop Drown Menu မှ Open Network Stream ကို ကလစ်ပြုပါ။
 
 အဆင့် (၃)
 
ပေါ်လာသော Open Media Windows မှ Please enter a network URL:
နေရာတွင်  http://www.myawaddy.net.mm/mwdlive ကို ထည့်သွင်းကာ 
Play ပြုလုပ်ပါ။ ထို့နောက် မြဝတီ တိုက်ရိုက် (MWD Live) ကို ကြည့်ရှု့
 နိုင်မည်ဖြစ်ပါသည်။

No comments:

Post a Comment