Social Icons

2013

Friday, November 23, 2012

Internet Download Manager 6.12 Build 26 + 4 patch+ Idm Optimizer | 5 Mb


ကဲရေကြည်ရွှေမြို့တော်သူ/သားများအတွက် အင်တာနက်သုံးရင်းဖိုင်တွေကိုဒေါင်းတတ်
ကြ တဲ့ညီအစ်ကိုမောင်နှစ်မများအတွက်InternetDownloadManager နောက်ဆုံးထွက်

Update လေးတင်ပေးလိုက်ပါတယ်ဖိုင်ဆိုဒ့်ကတော့ 4.95Mb ရှိပါတယ် သူကတော့အ
သစ်လေးဆိုတော့ တစ်မျိုးလေးဆန်းတာပေါ့နော် လိုအပ်ရင်တော့အောက်မှာဒေါင်းသွား
နိုင်ပါတယ်

                                                               ဒီမှာဒေါင်းပါ

Thursday, November 22, 2012

Browser တခုထဲကနေ Facebook အကောင့် ၂ခု ၃ခု , Gmail အကောင့် ၂ခု ၃ခု ကို တပြိုင်ထဲ သုံးနည်း


 မင်္ဂလာပါခင်ဗျာ... အရင်ကတော့ Browser နှစ်မျိုး သုံးမျိုး  ထားသုံးကြတာပါ... ..ခုနည်း
လေးကတော့ တကယ်မိုက်ပါတယ်..Browser တခုထဲကနေ Facebook အကောင့် ၂ခု
၃ခု , Gmailအကောင့်  ၂ခု  ၃ခု ကို တပြိုင်ထဲ သုံးချင်သူများအားလုံးကို ဗဟုသုတရ

အောင်မျှဝေပေးလိုက်ပါတယ်Chorme Browser နဲ့ Firefox Browser မှာ မိမိတို့
ရှိသမျှ Facebook,Gmail,twitter စတဲ့အကောင့်တွေကိုတပြိုင်ထဲ Login ဝင်လို့ရနိုင်
ပါတယ်.... Firefox Browser အတွက်ကိုတော့ Extension  လေးတစ်ခုကို Browser မှာ Add ပေးရမှာပါ.... ဒီနေရာကနေသွားပါ  Install Multifox ကို နှိပ်ပါလမ်းညွှန်တဲ့အ
တိုင်း Install    ပေးလိုက်ပါ ....... ပြီးရင်  Firefox Browser ကို Restartချပေးလိုက်ပါ
(Firefoxကိုပိတ်ပြီး ပြန်ဖွင့်ပေးလိုက်ပါ) ကီးဘုတ်က  Ctrl + Alt + M ကိုနှိပ်ပြီး 
Facebook နှစ်ခု သုံးခု Gmail နှစ်ခုသုံးခုကို Browser တစ်ခုထဲမှာ Login ဝင်နိုင်ပါပြီ....
Chrome Browser မှာတော့ မည်သည့် Extensionမှ ထည့်ပေးစရာမလိုပါဘူး ကီး
ဘုတ်က Ctrl + Shift + N  ကိုနှိပ်ပြီး ရှိသမျှ Account တွေကို Login ဝင်လို့ရ
အောင်ဖန်တီးပြီးသားပါ.....အားလုံးအဆင်ပြေကြပါစေ......

ဖုန်းဖြင့်တွဲပြီး PC နှင့် Laptop များပေါ်တွင် အင်တာနက် အသုံးပြုခြင်း

ဖုန်းဖြင့် PC နှင့် Laptop များပေါ်တွင် အင်တာနက် အသုံးပြုလိုပါက အောက်ပါနည်းလမ်း
များအတိုင်း  ဆောင်ရွက်နိုင်ပါတယ်...။ အခုပြောပြမယ့် အကြောင်းအရာ တွေကတော့
Andriod ဖုန်း version 2.0 နဲ့ အထက်တွေမှာ ပြုလုပ်နိုင်တဲ့ နည်းလမ်းတွေ ဖြစ်ပါတယ်..၊
အရင်ဆုံး setting ထဲက wireless and Network ကို ရွေးပေးပါ။
 
Tethering and Portable Hotspot ကို ရွေးပေးပါ။
Port. Wi-Fi hotspot settings ကို ရွေးပေးပါ...၊ မြှားထိုးတာ မှားနေပါသည်:)
Configure Wi-Fi hotspot ကို ဆက်ရွေးပေးပါ။


Network SSID - ကိုယ်ပေးချင်တဲ့ နာမည်ပေးလို့ရပါသည်။
Security - WPA2 PSK ကိုရွေးပေးပါ။
Password ကို ကိုယ်ကြိုက်နှစ်သက်ရာ ရိုက်ထည့်ပါ။ ပြီးရင်တော့ Save button နှိပ်ပါ။
 Back ခလုပ်တစ်ချက်နှိပ်ပြီး၊ Portable Wi-Fi hotspot ကို tick လုပ်ပေးပါ။
 မိ laptop taskbar ရဲ့ ညာဘက်အောက်နားမှာရှိတဲ့ connetion ပြတဲ့ bar လေးကိုဖွင့်ကြည့်
လိုက်ရင် သင်ပေးခဲ့တဲ့ နာမည်နဲ့ လိုင်းတက်နေတာကို အောက်ပါ အတိုင်းမြင်ရပါလိမ့်
မယ်။
အဲဒီမှာ တစ်ချက်နှိပ်လိုက်ပါ။ password တောင်းပါလိမ့်မယ်။ မပူပါနဲ့..။ အရှေ့မှာ သင်
ရိုက်ခဲ့တဲ့ password ကို ပြန်ရိုက်ထည့်ပေးလိုက်ပါ။ ပြီးရင် connect ဆိုတာ နှိပ်ပေးလိုက်
ရင် သင့် laptop မှာ အင်တာနက် သုံးလို့ရပါပြီ။
မှတ်ချက် ။ ဒါနည်းက ဖုန်းကနေ Wifi ပြန်လွှင့်တဲ့နည်းဖြစ်ပြီး သင်က laptop ရှိမှသာ အ
ဆင်ပြေမှာပါ။ အကယ်လို့ laptop မဟုတ်ပဲ PC နဲ့ သုံးမယ်ဆိုရင်တော့ အောက်ပါ နည်း
လမ်းများအတိုင်း လုပ်ဆောင်နိုင်ပါတယ်။
ဖုန်းကို ကွန်ပျူတာနဲ့ USB ဖြင့် ချိတ်ပေးပါ။ ဖုန်းထဲမှာ Charge Phone ကိုသာရွေးပေးပါ။
ပြီးရင် Setting > Wireless and Network > Tethering and Portable hotspot ကို အရှေ့က
အတိုင်း အစဉ်လိုက်ဝင်လိုက်ပါ။
USB thethering ကို tick လုပ်ပေးလိုက်ပါ။ ခဏကြာရင် သင့် PC taskbar ရဲ့ ညာဘက် connection ပြတဲ့ နေရာလေးမှာ coneection ချိတ်မိကြောင်း သင်္ကေတလေးတွေ့ရပါလိမ့်
မယ်။ ဒါဆိုရင်တော့ သင့်ဖုန်းဖြင့် PC မှာ internet အသုံးပြုလို့ရပါပြီ။
မှတ်ချက် ။ အထက်ပါနည်းမှာလည်း မိမိဖုန်းရဲ့ driver ကို PC ထဲ ထည့်သွင်းပြီးမှသာ
လျှင် အဆင်ပြေမှာဖြစ်ပါတယ်။ PC မှာ သုံးဖို့ phone driver လည်း မရှိဘူး၊ မိမိဖုန်းရဲ့
 function ထဲမှာလည်း thethering and portable hotspot ဆိုတဲ့ function ပါမလာဘူးဆိုရင်တော့ နောက်ဆုံးနည်းလမ်း ရှိပါသေးတယ်။
အရင်ဆုံးအောက်က ပေးထားတဲ့ ဖိုင်ကို အရင် download ပါ။
                                                         
                                                         ဒီမှာဒေါင်းပါ 
အဲဒီထဲမှာ apk file နဲ့ exe file နှစ်ခုပါပါတယ်။ apk file ကို ဖုန်းထဲမှာ Install လုပ်ပါ။  
exe file ကို အသုံးပြုမယ့် computer ထဲမှာ install လုပ်ပါ။
ပြီးရင် ဖုန်းကို computer နှင့် USB ကြိုးဖြင့် ဆက်သွယ်ချိတ်ဆက်ပါ။ ဖုန်းတွင်
Charge Phone ပဲ ရွေးပေးပါ။
ဖုန်းထဲမှ Easy Thether ကို ဖွင့်ပြီး USB thether တွင် အမှန်ခြစ်ပေးပါ။ ထို့နောက်
computer taskbar တွင် ပေါ်နေသော Easy thether ပုံလေးတွင် တစ်ချက် နှိပ်ပြီး
Connet via Andriod ဆိုတာလေး ရွေးပေးလိုက်ရင် သင့် computer တွင် ဖုန်းဖြင့်
 internet ချိတ်ဆက် အသုံးပြုလို့ ရရှိမှာ ဖြစ်ပါတယ်။
 

Wednesday, November 21, 2012

ဆင် နဲ့ တူသော ဝက်ပေါက်စကလေး မွေးဖွား


တရုတ်နိုင်ငံမှာAnhui ခရိုင်ကမွေးကင်းစဝက် တစ်ကောင်ဟာ ထူးထူးဆန်းဆန်းဆင်နဲ့
သွားတူနေပါတယ်။ မွေးကတည်းက အမွေးတွေမပါဘဲ ပြောင်ချောကြီးဖြစ်ပါတယ်။
နားနဲ့ နှာမောင်းကလည်းဆင်နဲ့တော်တော်သွားတူနေပါတယ်။ အားလုံးခြုံကြည့်လိုက်
ရင် ဝက်တစ်ကောင်နှင့်မတူဘဲဆင်ပေါက်ကလေးတစ်ကောင်နှင့်သွားတူနေပါတယ်။
ထိုဝက်ကလေးမွေးပြီးတဲ့အချိန်မှာ လူတော်တော်များများဟာ သတင်းကြားပြီး လာရောက်
ကြည့်ရှု့ကြပါတယ်။ အားလုံးပေါင်းဝက် ခုနှစ်ကောင်ပေါက်တဲ့အထဲမှာ တစ်ကောင်က
 ထိုကဲ့သို့ ပေါက်ဖွားလာခြင်းဖြစ်ကာ အလေးချိန် ၁ဝဝဝ ဂရမ်ရှိတယ်လို့သိရပါတယ်။

Tuesday, November 20, 2012

မပုပ်မသိုး စွန်းလွန်းဆရာတော်ဘုရားကြီး ရုပ်ကလာပ် နိုင်ငံခြားဧည့်သည်များအထူးစိတ်ဝင်စား


ဘ၀နတ်ထံပျံလွန်သွားသည်မှာ နှစ်ပေါင်း(၆၀)ကျော်ခဲ့ပြီဖြစ် သော်လည်းယနေ့တိုင်မည်
သည့် ဆေးဝါးအကူအညီမျှမပါ  မပုပ်မသိုးဘဲ  ပကတိအတိုင်းရှိနေသည့် စွန်းလွန်းဆရာ
တော်ဘုရားကြီးဦးက၀ိ ရုပ်ကလာပ်တော်နှင့်ပတ်သက်၍အနယ်နယ်အရပ်ရပ်မှဘုရားဖူး
ဧည့်သည်များ အထူးကြည်ညိုစိတ်ဝင်စားကြသကဲ့သို့   ပြည်ပနိုင်ငံများမှ ဧည့်သည်များ ကလည်းဆရာတော်ကြီး၏ မပုပ် မသိုးရုပ်ကလပ်တော်အားအထူးစိတ်ဝင်စားကြောင်းစွန်း
လွန်းဂူကျောင်းတာဝန်ရှိသူတစ်ဦးကပြောကြားသည်။ဆရာတော်ကြီးက သက်တော်(၇၅)

ဝါတော်(၂၈)မှာ ပျံ လွန်တော်မူခဲ့တာပါ။လက်ရှိဒီမှာ   ထားရှိ ပူဇော်တာကတော့ နှစ် (၆၀)
ကျော်ပါပြီ။အနယ်နယ်အရပ်ရပ်ကလူတွေဆရာတော်ကြီးရဲ့ရုပ်ကလာပ်ကိုလာရောက်ဖူး
မျှော် ကြည်ညိုကြသလို ပြည်တွင်းကခရီးသွားကုမ္ပဏီတွေရဲ့အစီအစဉ်နဲ့မြင်းခြံကိုရောက်
လာတဲ့ နိုင်ငံခြား  ဧည့်သည်တွေကလည်း  ဆရာ တော်ကြီးရဲ့ မပုပ်မသိုးတဲ့  ရုပ်ကလာပ်
တော်ကို အံဖွယ်တစ်ခုလို  အရမ်းစိတ်ဝင်စားကြပါတယ်”ဟုစွန်းလွန်းကျောင်းတာဝန်ရှိသူ
ဂေါပကအဖွဲ့ဝင်တစ်ဦးက ပြော ကြားသွားသည်။ဆရာတော်ကြီး၏ရုပ်ကလာပ်တော်အား
လာရောက်လေ့ လာသည့် UK နိုင်ငံသား မစ္စတာဘင်းဒရစ်အား Hot News သတင်း
ထောက်က ဆရာတော် ကြီးရုပ်ကလပ်နှင့်ပတ်သက်၍မေး မြန်းကြည့်ရာ ““
ထူးခြားတဲ့အံ့သြ  ဖွယ်ရာတွေ ကမ္ဘာမှာအများကြီး ရှိပါတယ်။အဲဒီထဲကမှ
 မြန်မာပြည် မှာက သဘာဝနဲ့ဆန့်ကျင်တဲ့ သူ တော်စင်၊သူတော်မြတ်တွေရဲ့ဆေး အကူ
အညီမပါတဲ့၊မြွပုပ်တဲ့ရုပ်က လာပ်တွေ အံ့သြဖွယ်ရာ တွေ့ရ ပါတယ်။ဒီလိုမျိုးတွေကို
ကျွန်တော်တို့အနေနဲ့မှတ်တမ်းယူပြီး ကမ္ဘာ  မှာပြန် Shareမှာပါ”ဟု ပြော ကြားသွား
သည်။စွန်းလွန်းဆရာတော်ဘုရား ကြီးအား အဘဦးသန့်၊အမိဒေါ်  တုတ်တို့မှ မြန်မာ
သက်္ကရာဇ် ၁၂၃၉ ခုနှစ် တပေါင်းလဆန်း(၂)ရက်၊ တနင်္လာနေ့နံနက်(၃)နာရီတွင် ဖွားမြင်
ခဲ့ပြီးသာသနာ့ဘောင်သို့ ၀င်ပြီးနောက်၁၂၈၂ခုနှစ် ၀ါဆိုလပြည့်ကျော် (၁၃)ရက်၌ ပထမ   တရားထူး၊၁၂၈၂ခုနှစ် ၀ါခေါင်လ ပြည့်ကျော်(၁၃)ရက်၌ ဒုတိယ တရားထူး၊၁၂၈၂ခုနှစ်
တော်သလင်းလပြည့်ကျော် (၁၃)ရက်၌ တတိယတရားထူးနှင့်၁၂၈၂ခုနှစ်သီတင်းကျွတ်
လပြည့် (၁၃)ရက်၌စတုတ်္ထတရားထူးများကိုရရှိတော် မူခဲ့ပြီး ၁၃၁၄ခုနှစ် ကဆုန်လပြည့်
ကျော်(၉)ရက် စနေနေ့ ညနေ  (၄း၄၅)အချိန်၌ ပရိနိဗ္ဗာန်ပြု တော်မူခဲ့သည်။

Monday, November 19, 2012

မိမိတို့ရဲ့(Facebook,Google+RSS,FB Group ,etc...)တို့ကိုSUMMIT လုပ်ကြရအောင်

မိမိတို့ရဲ့(Facebook,Google+RSS,FB Group ,etc...)တို့ကို SUMMIT လုပ်ပေးကြပါနော်
အလွယ်တကူ လုပ်နိုင်ရန် တင်ပေးထားပါ့မယ်...မကြာခဏ လုပ်ပေးနိုင်ရင် ပိုကောင်းမှာ
ပါ။ ပုံလေးပေါ် မောင်တင်တာနဲ့ SUMMIT လုပ်ဖို့ပေါ်လာမယ်.. မိမိတို့ဘလော့လိပ်စာ
လေးထည့်ပြီး ကလစ်ပါ..နောက်စာမျက်မှာ မိမိတို့ အီးမေး ထည့်ကလစ်ပါ ဒါဘဲနော်........
လွယ်လွယ်လေးရယ်..လုပ်ရခြင်းအကြောင်းကတော့ GoogleSearch Box မှာရှာဖွေမှု လွယ်
ကူစေဖို့ပါဘဲ...Googleတင်မဟုတ်ပါဘူးကျန်တဲ့YAHOO!,bingစတဲ့Search Boxတွေကနေ
လဲအလွယ်တကူရှာလို့ရမှာပါ


Sunday, November 18, 2012

gtalk မတက်လို့ ချစ်သူစိတ်ကောက်ခြင်း မှကင်းဝေးကြပါစေ

တကယ် ကွန်နက်ရှင်နည်းနေပြီးဆိုရင် webuzz တို့ ebuddy တို့ကိုပါ ဖွင့်ရခက်ပါတယ်
ဒေါင်းထားပြီးသုံးလိုက်တာအကောင်းဆုံးပါပဲ

                                                  wbzz.v20100714.zip   ဒီမှာဒေါင်းပါ

အရင်ဆုံး wbzz.v20100714.zip file ကိုဖွင့်လိုက်ပါ
ဒီလိုတွေ့ပါလိမ့်မယ်



index ဆိုတဲ့ html ဖိုင်ကိုဖွင့်လိုက်ပါ

ပြီးရင် gtalk icon လေးကို ဖွင့်လိုက်ပြီးသုံးလို့ရပါပြီ

G-talk မတက်လို့ ချစ်သူစိတ်ကောက်ခြင်း မှကင်းဝေးကြပါစေဗျာ.......

မိမိ (Facebook, G talk,etc…) Account အခိုးမခံရအောင် ဘာတွေလုပ်ရမလဲ


အကောင့်အခိုးခံရတယ်၊ အဟက်ခံရတယ်လို့ ခဏခဏ ကြားနေရပါတယ်။ စာရေးသူစဉ်း
စားကြည့်လိုက် ပါတယ်။ ဘာလို့သူတို့တွေချည်း ကွက်ကြားမိုး ရွာလိုအကောင့်တွေအခိုးခံ
နေရတာပါလိမ့်လို့။ မသိသူ ကျော်သွားသိသူဖော်စားဆိုတာထက်၊ မသိသူတွေချည်း ခံနေ
ရပုံ ပေါက်ပါတယ်။ဘာလို့ Account တွေ အခိုးခံရ သလဲအဓိကကတော့ မိမိ Account

လုံခြုံရေးအားနည်းလို့ပါပဲ။ ဘာလို့လုံခြုံရေး အားနည်းတာလဲလို့ မေးရင်တော့ နံပါတ် ၁ -
နည်းပညာ ဗဟုသုတ နည်းပါးမှု၊  နံပါတ် ၂ - နမော်နမဲ့နိုင်မှု  ဖြစ်ပါတယ်။  အချို့ ကျ
Hardware ရော၊ Software ရော ဆရာကျနေအောင် တော်ပြီး အကောင့်လေးတစ်ခု
ကျတော့ခဏခဏပျောက်တတ် ကြပါတယ်။အချို့ ကျပြန်တော့လဲတကယ်မသိလို့ အညှပ်
ချခံရပြီး အကောင့်တွေ ဆုံးရှုံးကြပါတယ်။ဒါဆို သိသင့်တဲ့အချက်တွေက ဒီမှာ စပါပြီ။
Facebook ပဲသုံးသုံး၊ Twitter ပဲသုံးသုံး - ဆိုရှယ် Network တော်တော် များများဟာ
Address bar မှာ https:// ကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ s ပါတယ်ဆိုတဲ့အကြောင်းက
မိမိရဲ့ လျှို့ ဝှက်ကုဒ်နံပါတ်နဲ့ Data တွေကို SSL နည်းပညာနဲ့ ကာကွယ်တားဆီးပေး
ထားခြင်းဖြစ်ပါတယ်။ သူ့ကို Transport Layer Security လို့လည်း လူသိများပြီး မိမိ
Transport လုပ်လိုက်တဲ့ အချက်အလက်တိုးကို လုံခြုံစေမှာ ဖြစ်ပါတယ်။ s သာ မပါရင်
တော့ ဒါဟာ အင်မတန် လုံခြုံရေး ညံ့ဖျင်းတဲ့ ဝဘ်ဆိုဒ်ပဲဖြစ်ပါတယ်။ s မပါတဲ့အခြား
Social Network တွေလည်း ရှိကြပါတယ်။ သုံးသင့်မသုံးသင့်ဆိုတာကတော့ မိမိဘာ
သာ ဆုံးဖြတ်စေချင်ပါတယ်။.

နောက်တစ်ချက်ကတော့ Password ကိစ္စပါ။ စာဖတ်သူ ရဲ့  Password ဘာပေးထား
တယ်ဆိုတာ ခန့်မှန်းကြည့်ပါရစေ။

၁။ Userရဲ့ နာမည် အင်္ဂလိပ်လို ( တစ်လုံး သို့မဟုတ် အားလုံး)
၂။ User ရဲ့ နာမည်နဲ့ မွေးသက္ကရာဇ် ပေါင်းစပ်ထားမှု
၃။ မိမိဖုန်းနံပါတ် နှင့် နာမည်တစ်လုံး
၎။ ပြီးပြီးရော အလွယ်မှတ် ဂဏန်းများ (ဥပမာ- 123456 /asdfghjkl;/ အစရှိသဖြင့်)
၅။ User name နှင့် Password အတူတူ

အထက်ပါ အချက်များနဲ့ တစ်ချက်ချက် ညှိနေပြီဆိုရင်တော့ အကောင့် လုံခြုံမှု အားနည်း
တယ်ဆိုတာ ကြိမ်းသေ နေပါပြီ။
စာရေးသူ ကြုံဖူးပါတယ်။  မိတ်ဆွေသူငယ်ချင်းအကောင့်ကို  အားအားယားယားဆိုပြီး
Password မှာ သူ့နာမည် ရိုက်ထည့်လိုက်တာ အကောင့်က ပွင့်ပါလေရော။ နာမည်
ရင်းအတိုင်း အပြည့်အစုံထား တာမျိုးကတော့ တကယ်ကို အလွယ်လမ်းလိုက် လွန်းပါ
တယ်။
ဒါကြောင့် Password ဘယ်လို ရွေးရမလဲ။
အရွေးလွန်ပြီး လျှို့ ဝှက်လိုက်တာကျတော့ ကိုယ်တောင် မမှတ်မိတာမျိုး လဲ ဖြစ်တတ်ပါ
တယ်။ ဒါကြောင့်
၁။ Password ကိုပေးရာမှာ မိမိ နာမည်က “အောင် “ ပါမယ်ဆိုရင် အဲဒါကို control-
shit မနှိပ်ပဲ ရိုက်ရင် atmig ဆိုပြီး ရပါတယ်။ ဒါကြောင့် ထွက်လာ မယ့် စာက
adfenve; အစရှိသဖြင့် လူတိုင်း သိရန် ခက်ခဲသွား ပါတယ်။ Capital Letter, Small
Letter အားလုံး ပါဝင်မှာ ဖြစ်ပါတယ်။
၂။ 123 တို့တင်မကပဲ။ !@#$%^&* အစရှိသဖြင့်တို့ကိုလည်း Key Combination မှာ
ထည့်သွင်း အသုံးပြုသင့်ပါတယ်။
၃။ Password က အနည်းဆုံး ၈လုံး ရှိသင့်တယ်လို့ အများက ဆိုကြပါတယ်။ အလုံး
များလေ ကောင်းလေပါပဲ။ ဒါပေမယ့် မှတ်မိဖို့တော့လိုအပ်ပါတယ်။ သို့ပေမယ့် ၁၀
လုံးထည့်တော့ မနည်းသင့်ပါဘူး။
ဒါဆို အထက်ပါ ဥပမာ သုံးခုထဲက အတိုင်း Password တစ်ခု ဥပမာ ပြပါမယ်။----
csrf;ajrh#99 -- ကိုယ်တိုင်အောင် မြန်မာလို စဉ်းစားပြီးရိုက်မှ သိနိုင်တဲ့ Password
 ဖြစ်ပါတယ်။ အင်္ဂလိပ်လိုတောင်အလွတ် ကျက်ဖို့ ခက်ပါတယ်။
ဒီထက် ပိုကောင်းတဲ့ Password ပေးနည်းပေါင်းမြောက်များစွာ ရှိပါတယ်။ စာဖတ်သူ
များ သိရှိပြီ ဖြစ်ပါစေ မျှဝေ ပေးကြစေချင်ပါတယ်။Password ကို ကိုယ်တစ်ယောက်
တည်းသိပါစေ။ သူများ ပေးမသိပါ နဲ့။ ပြီးတော့ Password ကို ဒိုင်ယာရီထဲမှာ ထည့်ရေး
ထားတတ် တာမျိုးကလည်း စိုးရိမ်စရာပါပဲ။ ဖုန်းမှာရေးထားတာမျိုးကတော့ အခိုးခံရဖို့
ပိုနီးပါတယ်။ ဒါဆို ဘယ်နေရာမှာ သိမ်းမလဲ။ အကောင်းဆုံးကတော့ မှတ်ဥာဏ်သာ
ဖြစ်ပါတယ်။ မေ့တတ်တယ်၊ Password အရမ်းများတယ်ဆိုမှ ကိုယ်တစ်ယောက်တည်း
နားလည်နိုင်တဲ့ လက္ခဏာ၊ အမှတ်အသား နဲ့ ရေးမှတ်ထားသင့်ပါတယ်။
Password ကို ရှိရှိသမျှ Facebook ရော၊ G-Talk ရော၊ Twitter ရော တစ်ခုတည်း ပေး
တတ်တာမျိုးကလည်း ဆိုးပါတယ်။ စာဖတ်သူအချို့ အဲလို ပေးထားကြမယ်ထင်ပါတယ်။
ဒါဆိုရင်တော့ အကောင့်တစ်ခုသာ အခိုးခံရရင်အားလုံးအခိုးရမှာ ဖြစ်ပါတယ်။တစ်မျိုးဆီ
ခွဲပေးသင့်ပါတယ်။
အင်တာနက်ဆိုင် ထိုင်တဲ့အခါမှာ သေချာစစ်ဆေးပါ
အင်တာနက်ဆိုင်ထိုရင် အရေးကြီး သတိထားစရာတွေ ရှိပါတယ်။ ဥပမာ- CCTV ကင်
မရာ၊ Key locker နဲ့ History remember တို့ဖြစ်ပါတယ်။ အကောင်းဆုံးကတော့ မိမိအိမ်
မှာပဲ၊ သို့မဟုတ် Personal PC ကိုသာ အသုံးပြုသင့် ပါတယ်။ ကိုယ်ပိုင် မိုဘိုင်းဖုန်းနဲ့
လည်း အသုံးများပါတယ်။ သို့ပေမယ့် မိုဘိုင်းဖုန်းရဲ့  လုံခြုံရေးကတော့ ကာယကံရှင်ရဲ့ 
တာဝန်ဖြစ်ပါတယ်။
မြန်မာပြည်မှာက အများစုဟာ အင်တာနက်ဆိုင်တွေမှာ သုံးကြရပါတယ်။ အဲဒီလိုအသုံး
ပြုတဲ့အခါကြရင် မိမိအသုံးပြုတဲ့ Browser ရဲ့ Setting ကိုဝင်ကြည့်ပါ။ History တွေကို
Delete လုပ်ပေးပါ။ ပြီးတော့ အသုံးမပြုခင်မှာ ကွန်ပျူတာရဲ့ Password ကို မှတ်သား
တဲ့ Locker Keyboard software တွေရှိနေသလားဆိုတာကို Control Panel မှာ ဝင်
စစ်ပါ။ အသုံးပြုပြီးတဲ့အခါမှာလည်း clear recent history, clear recent browser ဝင်ပြီး
 History, save password, Site preference စသည်ဖြင့် အားလုံးကို Delete လုပ်ပေးရမှာ
 ဖြစ်ပါတယ်။
Facebook က ကိုယ့်ရဲ့ Personal imformation, IP address, မိမိကြည့်သမျှ ဝက်ဘ်
ဆိုဒ်တွေလည်း အကုန်မှတ်ထားပါတယ်။ မိုဘိုင်းဖုန်းပဲဖြစ်ဖြစ်၊ ကွန်ပျူတာပဲဖြစ်ဖြစ်။
ဒါကိုလုံခြုံအောင်လုပ်ဖို့ ခက်သော်လည်း https ကို သုံးဖြစ်အောင်သုံးရမှာ ဖြစ်ပါတယ်။
ဒါတွေကို Privacy Setting တွေမှာ ဝင်ပြောင်းလို့ရပါ တယ်။ Facebook မှာ ဂိမ်းက
စားမယ်ဆိုပြီး ခေါ်တာဖိတ်တာရှိတယ်။ Username နဲ့ password တောင်းတယ်။
ကိုယ်ကလည်း ယင်းဂိမ်းကို ဝင်ဆော့ဖြစ်မယ် ဆိုရင် မိမိရဲ့  Facebook Account ဟာ
အင်မတန် အားနည်းသွားပါပြီ။ Facebook ဂိမ်းဆော့တဲ့ သူတွေ Password ခဏ
ခဏ ပြောင်းသင့်ပါတယ်။ ယင်း Game App က မိမိရဲ့  Personal Data အားလုံးကို ထိန်းသိမ်းထားမှာမို့ ဖြစ်ပါတယ်။
စာဖတ်သူတို့မှာ Second Hand ကွန်ပျူတာ၊ Second Hand ဖုန်း သုံးသူများ ရှိပါသ
လား။ အကယ်၍ ရှိတယ်ဆိုရင် သေချာစစ်ဆေးယူးစေချင်ပါတယ်။ အနောက်တိုင်းတွေ
မှာဆိုရင် သုံးပြီးသား တစ်ပတ်ရစ် ကွန်ပျူတာတွေ မှာ ဆော့ဖ်ဝဲတွေ၊ Application
တွေ ထည့်ထည့်ထားပြီး တစ်ဆင့်ဝယ် သူတွေရဲ့  အချက်အလက်တွေကို ခိုးယူတတ်ပါ
တယ်။
ဒါမျိုးတော့ မြန်မာပြည်မှာ သိပ်မကြားသေးပါဘူး။ သိရှိထားတာက အကောင်းဆုံးမို့ ဖြစ်
ပါတယ်။
ဒီလောက် သိထားရင် စာဖတ်သူတို့ Account လုံခြုံရေး အတွက် ဘယ်လိုပြင်ဆင်ရမယ်
ဆိုတာ သိရှိလောက်ပြီ ထင်ပါတယ်။ အမှန်တော့ဒီထက်နက်နဲစွာ ဖော်ပြသင့်ပေမယ့်အ
ကြမ်းဖျင်းလေး သိလည်း အဆင်ပြေတာမို့ အနှစ်ချုပ်ဖော်ပြ လိုက်ရ ပါတယ်။
-----မူရင်းရေးသားသူ-----
အောင်ခမ်း